ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်း ရေဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးအပ်
ပုသိမ် စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့နယ်၊ ပိန်းအင်းကျေးရွာအုပ်စု ဟံသာအေးကျေးရွာသို့သွားရောက်၍ ရေဝင်ရောက်မှု ပြန်လည်ကျဆင်းလာသဖြင့် နေအိမ်များ၌ ပြန်လည်နေထိုင်ကြသည့် ပြည်သူများအား ဆန်ရိက္ခာ၊ ဆီ၊ ပဲနှင့် ခေါက်ဆွဲခြောက်များ ထောက်ပံ့ပေးခဲ့ပြီး ပိန်းအင်းကျေးရွာအုပ်စု၊ ရုံးတောကျေးရွာအခြေခံပညာမူလတန်းကျောင်းသို့ သွားရောက်၍ ကျောင်းပြန်လည်ဖွင့်လှစ်သင်ကြားနေမှုအခြေအနေကိုများကို ကြည့်ရှုအားပေးကာ ဆရာ၊ ဆရာမ များအား ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။
10-Sep-2026