ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား တွေ့ဆုံအားပေး

ပုသိမ် စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ကွင်းကောက်မြောက်ကျေးရွာအုပ်စု၊ တလုတ်ကုန်းကျေးရွာ ရတနာဓမ္မဗိမာန်သို့ သွားရောက်၍ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ် စွန့်ခွာပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အင်္ဂပူမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ လေးမျက်နှာမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြန်အောင်ခရိုင် အုပ်ချုပ်ရေးမှူးတို့က အားပေးစကားများပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးမှူးက ကျန်းမာရေးဆိုင်ရာ အသိ ပညာပေး ဟောပြောခဲ့သည်။

09-Sep-2026