ညောင်တုန်းကျွန်းတာထိန်းသိမ်းပြုပြင်နေမူအခြေနေအသိပေးခြင်း

၂၀၂၆ စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ဂန်ချောင်းကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာအနီးရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၊ တာမိုင် (၁၁/၆) နှင့် (၁၁/၇) ကြားတွင် လွန်ခဲ့သော (၂၅-၈-၂၀၂၆) ရက်နေ့က မြစ်ကမ်းပါးရေတိုက်စားမှုကြောင့် ဆည်မြောင်းတာ၏ (၃) ပုံ (၂) ပုံခန့် အိကျပြိုကျမှု ဖြစ်ပေါ်ခဲ့ပါသည်။

အဆိုပါ တာအိကျမှုဖြစ်ပွားသည့်နေရာသည် ဧရာဝတီမြစ်ခွဲ (တိုးမြစ်) ၏ ရေစီးကြောင်းမှ ကမ်းရင်းကပ် ရေနက်စီးကြောင်းဖြစ်ပေါ်ကာ နှစ်စဉ် ရေတိုက်စားမှု ခံနေရသည့်နေရာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ရေတိုက်စားမှုကို လျော့နည်းသက်သာစေရန်နှင့် သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရန်အတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အောက်ပါ အရေးပေါ် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

အရေးပေါ် ကာကွယ်ရေး ဆောင်ရွက်ချက်များ -

(၁) ဝါးနက်ဝါး (၃) တန်းရိုက် ခြုံချသဲအိတ်ဆွဲခြင်း - အလျား (၂၅၀) ပေ

(၂) Floating Unit ချထားခြင်း - အလျား (၅၀၀) ပေ

(၃) Steel Cable Groyne ချထားခြင်း - (၁၀) ချောင်း

(၄) ဝါးဒလက်များ ရေထဲပိုင်းချခြင်းလုပ်ငန်းများ

ထို့အပြင် တစ်ဖက်ကမ်းရှိ သောင်စွယ်ကို ရေကြောင်းပြောင်းလဲနိုင်ရေးအတွက် ကျွန်းတာဖြတ်မြောင်း ဖောက်လုပ်၍ သဲသောင်တူးဖော်ခြင်း၊ ရေလွှဲရေကာနှင့် ကမ်းပါးကာကွယ်ရေးလုပ်ငန်းများကို "ရဲမွန်တောင် (၂) Backhoe Dredger" သောင်တူးရေယာဉ်ဖြင့် (၆-၉-၂၀၂၆) ရက်နေ့မှစတင်၍ ဆောင်ရွက်ခဲ့ရာ ယနေ့အထိ ကုဗမီတာ (၂,၂၈၀) တူးဖော်ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း မိဘပြည်သူများသိရှိနိုင်ပါရန် လေးစားစွာ သတင်းအသိပေးတင်ပြအပ်ပါသည်။

08-Sep-2026