ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ညောင်တုန်းကျွန်းတာ မြစ်ကမ်းပါးရေတိုက်စားမှုကြောင့် မြေအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့်နေရာ၌ ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေများကို ကြည့်ရှုစစ်ဆေး

ပုသိမ် စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြိး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာရှိ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဆည်မြောင်းတာအိပဲ့ကျမှု ဖြစ်ပွားခဲ့သည့် တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြားနေရာ၏ တစ်ဆက် တည်းတွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကမ်းပြို၊ ကမ်းစားကာကွယ်ရေးလုပ်ငန်းများဖြစ်သော ဆည်မြောင်းမူရင်းတာအား သဲအိတ်များဖြင့် တာခြေထောက်ခြင်းလုပ်ငန်း၊ တာအတွင်းဘက်အခြမ်း ပန်းတာအသစ်တည်ဆောက်ခြင်းလုပ်ငန်း၊ ယာယီပန်းတာအသစ်၏ Upstream Slope နှင့် Downstream Slope နေရာများ၌ သဲအိတ်စီ၍ တာခြေထောက်ခြင်းလုပ်ငန်း၊ ရေစီးနှုန်းလျော့ကျစေပြီး ရေထဲတွင် ပါလာသောနုန်းမြေများ စုပုံလာစေရန် ပြုလုပ်ခြင်းလုပ်ငန်း၊ ကမ်းပါးကာကွယ်ရေး သုံးပိတ်စ(Geotextile)ဖြင့် ဖုံးအုပ်ခြင်းလုပ်ငန်း၊ Steel Cable Groyne သံမဏိကြိုးအသုံးပြု ရေစီးထိန်းလုပ်ငန်း‌ဆောင်ရွက်ပြီးစီးမှုများနှင့် ရဲမှုတောင်-၂ Backhoe Dredger သောင်တူးရေယာဉ်ဖြင့် ရေလမ်းသောင်တူးခြင်းလုပ်ငန်းဆောင်ရွက်‌နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တာ၏ကြံ့ခိုင်မှုနှင့် လုံခြုံစိတ်ချရမှုရှိစေရေး အထူး ဂရုပြုဆောင်ရွက်ရန်၊ ရေစီးကြောင်းအခြေအနေ၊ ရေစီးနှုန်းနှင့် ကမ်းပါးအခြေအနေများကို အမြဲမပြတ်စောင့်ကြည့်စစ်ဆေးပြီး လိုအပ်သည့်နေရာများတွင် အချိန်မီ ကြိုတင်ပြင်ဆင်ကာကွယ် ဆောင်ရွက်ရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

07-Sep-2026