ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်ပြည်သူများက အလှူငွေများလှူဒါန်း
ပုသိမ် စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်း သဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားကာ ရေကျော်စီးဝင်ပြီး ရေဘေး သင့်ခဲ့ရသည့်ပြည်သူများအား အနယ်နယ်အရပ်ရပ်မှ စေတနာရှင် အလှူရှင်များက အလှူငွေများနှင့် စားသောက်ကုန်ပစ္စည်းများကို စေတနာထက်သန်စွာ လာရောက် လှူဒါန်းလျက်ရှိရာ ယမန်နေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)တွင် ပြင်ဦးလွင် နာရေးကူညီမှု အသင်းနှင့် မြို့သူမြို့သားများကလည်းကောင်း၊ ပုသိမ်မြို့ ပြည်ကြီးခင်အဖွဲ့ကလည်းကောင်း အလှူငွေများနှင့်ထောက်ပံ့ပစ္စည်းများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
06-Sep-2026