ငါးသိုင်းချောင်းမြို့အခြေခံပညာအထက်တန်းကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေး
ပုသိမ် စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ငါးသိုင်းချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ရေကျဆင်းလာသဖြင့် ကျောင်းပြန်လည် ဖွင့်လှစ်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့်ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှု အားပေးခဲ့ပြီး စာသင်ကျောင်း အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေး ပါဝင်ဆောင်ရွက်သည့် မီးသတ်တပ်ဖွဲ့ဝင်များအား စက်သုံးဆီများထောက်ပံ့ပေးအပ်ခဲ့သည်။
04-Sep-2026