ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးစကားများပြောကြားကာ ထောက်ပံ့ပစ္စည်းများပေးအပ်

ပုသိမ် စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ရေကြည်မြို့နယ်၊ သရက်ပင်လှကျေးရွာ ဇေယျသုခကျောင်းတိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ပြီးနောက် ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ရခိုင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က အားပေးစကားများပြောကြားကာ ရေဘေးသင့်ပြည်သူ များကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့၊ စိမ်းလဲ့ရေကြည်ခန်းမတွင် ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာနှင့် ပဲများ စုဆောင်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။

04-Sep-2026