ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက အလှူငွေများလာရောက်လှူဒါန်း
ပုသိမ် စက်တင်ဘာ ၄
(၃-၉-၂၀၂၆)ရက်နေ့နံနက်ပိုင်းက ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရိပ်သာတွင် တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ဗိုလ်နှင့် ညီအစ်ကိုမိတ်ဆွေများ (GOATs For Charity)၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည် များအသင်း၊ မြိတ်မြို့ OK ရတနာဆန်စက်၊ အောင်နိုင်သစ္စာကုမ္ပဏီလိမိတက်၊ ဆရာတော် ဉူးအာလောက၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းနှင့် Eco Friendly Fuel တို့က အလှူငွေများနှင့် ဆန်အိတ်များကို အသီးသီးလာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
04-Sep-2026