ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုးညွှန့်သည် ရေကြည်မြို့နယ်အတွင်းရေကျဆင်းမှုအခြေအနေများနှင့် ရုံး ၊ စာသင်ကျောင်းများဖွင့်လှစ်နိုင်ရန်သန့်ရှင်းရေးဆောင်ရွက်နေမှုအားကြည့်ရှုစစ်ဆေး
ရေကြည် စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊လေးမျက်နှာမြို့နယ်၊ ငဝန်တာ၏အောက်ခံမြစ်ကျိုးအင်းသဲကြောမှထူးပေါက်ကာ ရေဖြတ်သန်းစီးဆင်း၍ တာတမံနိမ့်ကျမှုဖြစ် ပွားခဲ့ပြီးရပ်ကွက်၊ ကျေးရွာများသို့ ရေဝင်ရောက်ခြင်းများဖြစ်ပွားခဲ့သည့်အတွက် ရေကြည်မြို့နယ်အတွင်း ရေကျဆင်းမှုအခြေအနေများနှင့် ရုံး ၊ စာသင် ကျောင်းများဖွင့်လှစ်နိုင်ရေး သန့်ရှင်းရေးဆောင်ရွက်နေမှုအခြေအနေအား ယနေ့ညနေပိုင်းက ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုးညွှန့်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါတာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ရေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သည့် ဆန်(၂၄) ပြည်ပါဆန်အိတ်စုစုပေါင်း (၁၄၈၀) အိတ်အား စိမ်းလဲရေကြည်ခန်းမသို့ ရေကြည်မြို့နယ် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နိမ်နင်းရေးအဖွဲ့ဝင်များ ပူးပေါင်းကူညီဆောင်ရွက်နေမှုအားကြည့်ရှုခြင်း၊ ငါးသိုင်းချောင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းအတွင်း ရေပြန်လည်ကျဆင်းမှုနှင့်ရုံးပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ညွှန်ကြားဆောင်ရွက်ခြင်း၊ အ.လ.က ခွဲ ငါးသိုင်းချောင်းကျောင်းအတွင်း ရေပြန်လည်ကျဆင်းမှုနေမှုအခြေအနေများနှင့် ကျောင်းဖွင့်လှစ်နိုင်ရေး သန့်ရှင်းရေးဆောင်ရွက်နေမှုများအား လည်းကောင်း၊ ငါးသိုင်းချောင်းမြို့ ၊ စိန္တာမုဒိစေတီတော်မြတ်ကြီးအတွင်း (SML Bussiness Group Co.,ltd) မိသားစု ရန်ကုန်မှ ရေဘေးသင့်ပြည်သူများ ရေသန့်ရရှိစေရေးအတွက် ရေသန့်စက်များဖြင့် ရေသန့်ဆောင်ရွက်နေမှုများအားလည်းကောင်း၊ အ.ထ.က ငါးသိုင်းချောင်းကျောင်းဝန်းအတွင်း ရေပြန်လည်ကျဆင်း၍ ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ပရဟိတအဖွဲ့များ၊ မြို့ခံပြည်သူများ၊ ဆရာ/ဆရာမများမှ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအားလည်းကောင်း၊ ရွှေငဝန်ဆီဆိုင်ရှေ့တွင် လမ်းရေကျော်စီးဆင်းမှုကြောင့် ပျက်စီးခဲ့ရသော လမ်းပခုံးပြိုကျမှုအား ဆက်လက်နိမ့်ကျမှုမရှိစေရေး သစ်သားများဖြင့် ပိုင်ရိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။