ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့၊ အိုင်သပြုနယ်မြေရဲစခန်း ရဲတပ်ဖွဲ့ဝင်မိသားစုများအား ထောက်ပံ့ပစ္စည်းများပေးအပ်
ပုသိမ် စက်တင်ဘာ ၁
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ အိုင်သပြုနယ်မြေရဲစခန်းသို့ သွားရောက်၍ ရဲတပ်ဖွဲ့ဝင်မိသားစုများအား ထောက်ပံ့ပစ္စည်းများကိုပေးအပ်ခဲ့ကာ ရေကျော်စီးဝင်မှုကြောင့် ပျက်စီး ခဲ့သည့် ရဲစခန်းဝင်းခြံစည်းရိုးနှင့် အဝင်လမ်းများအား ပြန်လည်ပြုပြင်နိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
01-Sep-2026