ဆီထွက်သီးနှံနှင့် နွေစပါးအတွက် တိုင်းဒေသကြီးအဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီတွေ့ဆုံပွဲ ကျင်းပပြုလုပ်

ပုသိမ် စက်တင်ဘာ ၁

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သော ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဆောင်း ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ)နှင့် နွေစပါးအစီအစဉ်အတွက် တိုင်းဒေသကြီးအဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီနှင့် ကြွေးပေးဆပ်ရန်ကျန် ဝယ်ယူကြိတ်ခွဲ တင်ပို့သူအစုအဖွဲ့တို့တွေ့ဆုံဆွေး‌နွေးပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဌ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဌ၊တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်မှ တိုင်းဒေသကြီး၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့မှုအဆင့်အဆင့်နှင့် ၂၀၂၅- ၂၀၂၆ ခုနှစ်၊ ဆောင်းဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) နှင့် နွေစပါးအစီအစဉ်အတွက် ပေးဆပ်ရန် ကျန်ရှိသည့် ဝယ်ယူကြိတ်ခွဲ တင်ပို့သူအစုအဖွဲ့များမှ အမြန်ဆုံးပေးဆပ်ရန်နှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အတွင်းရေးမှူး(၁) စိုက်ပျိုး‌ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝမ်းနှင့် ဝယ်ယူကြိတ်ခွဲ တင်ပို့သူအစုအဖွဲ့မှ ပေးဆပ်ရန် ချေးငွေကြွေးကျန်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ကော်မတီဥက္ကဌ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ဝယ်ယူကြိတ်ခွဲတင်ပို့သူ အစုအဖွဲ့ များမှ ပေးဆပ်ရန်ကျန်ချေးငွေများကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလကုန်တွင် အကြေအပြေ ပေးဆပ်မည်ဖြစ်ကြောင်းသိရသည်။

01-Sep-2026