ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော် ညောင်တုန်းကျွန်းတာ(ဧရာဝတီမြစ်ခွဲ) ဆည်မြောင်းတာအိ ပဲ့ကျမှုကြောင့် ယာယီပန်းတာဆောင်ရွက်နေမှုအားကြည့်ရှူ့အားပေး

ပုသိမ် ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်သည် တာဝန်ရှိသူများလိုက်ပါ၍ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာ၊ ညောင်တုန်းကျွန်းတာ (ဧရာဝတီမြစ်ခွဲ)၊ တာမိုင် ၁၁/၆ နှင့် ၁၁/၇ ကြား နေရာတွင် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ဆည်မြောင်းတာအိပဲ့ကျမှု ဖြစ်ပွားခဲ့မှုကြောင့် ယနေ့တွင် တာကိုယ်ထည် ထပ်မံတိုက်စားပဲ့ကျမှုမဖြစ်ပွားစေရေးနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ မထိခိုက်စေရေးအတွက် အရေးပေါ်ကာကွယ်တားဆီးရေးလုပ်ငန်းများကို အချိန်မီ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်း၊ သဲအိတ် ဆင့်ခြင်းနှင့် တာခြေထောက်ခြင်းလုပ်ငန်းများကို လိုအပ်သည့်နေရာများတွင် အပြည့်အဝ ဆောင်ရွက်ခြင်း၊ ယာယီပန်းတာတည်ဆောက်ခြင်းလုပ်ငန်းကို သတ်မှတ်အရွယ်အစားပြည့်မီအောင် အမြန်ဆုံးပြီးစီးရေး ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ များနှင့် ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်နေမှုများအား ကြည့်ရှူ့အားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

 

27-Aug-2026