AFC Women's Champions League 2026/27 (Preliminary Stage) ပြိုင်ပွဲတွင် အုပ်စုဗိုလ်အဖြစ် အနိုင်ရရှိခဲ့သည့် Ayeyawady FC - Women အသင်းအား ဂုဏ်ပြုမှတ်တမ်းတင်ခြင်း

၂၀၂၆ သြဂုတ် ၂၃

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အာရှအမျိုးသမီးချန်ပီယံကလပ် AFC Women's Champions League 2026/27 (Preliminary Stage) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုဗိုလ်အဖြစ် အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် Ayeyawady FC - Women အသင်းအား ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်သူတစ်ရပ်လုံးမှ လှိုက်လှဲစွာ ချီးကျူးဂုဏ်ပြုအပ်ပါသည်။

Ayeyawady FC - Women အသင်းသည် အုပ်စုအတွင်း နာမည်ကြီး အာရှကလပ်များဖြစ်သည့် စင်ကာပူကလပ် FC Jurong၊ လက်ဘနွန်ကလပ် No Limits FC နှင့် တိုင်ပေကလပ် New Taipei City Hang Yuan FC အသင်းတို့ကို အကောင်းဆုံး ခြေစွမ်းပြကာ စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် အနိုင်ယူကျော်ဖြတ်ပြီး တိုင်းဒေသကြီး၏ ဂုဏ်၊ နိုင်ငံတော်၏ ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ရပါသည်၊၊ နောင်လာမည့် နောက်တစ်ဆင့် ပွဲစဉ်များတွင်လည်း ယခုကဲ့သို့ စည်းလုံးညီညွတ်စွာဖြင့် အကောင်းဆုံး ယှဉ်ပြိုင်သွားနိုင်ပြီး အာရှချန်ပီယံဆုကြီးကို နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက် အရယူပေးနိုင်ပါစေကြောင်း အလေးအနက် ဆန္ဒပြုလျက် ဂုဏ်ပြုအပ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့

23-Aug-2026