ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ကျုံပျော်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး ကြာအင်းတံတား ရေကျော်စီးဝင်မှုအခြေအနေများကိုကြည့်ရှုစစ်ဆေး
ပုသိမ် ဩဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့်အဖွဲ့သည် ကျုံပျော်မြို့၊ မဏိရတနာရာမပရိယတ္တိစာသင် တိုက်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးက ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြော ခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများကို ဆန်၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ထိုမှတဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျူံပျော်မြို့အဝင် မိုင်တိုင်အမှတ် (၃၈/၇) နှင့် (၃၉/၁)ကြားရှိ ကြာအင်းတံတား ရေကျော်စီးဝင်မှုအခြေအနေများကိုလည်းကောင်း၊ ရေကြည် မြို့နယ် စိမ်းလဲ့ရေကြည်ခန်းမတွင် ရေဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာစုဆောင်းထားရှိမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။