ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ကျုံပျော်မြို့၊ ပင်လုံရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ခဲဘောင်ကူတို့ဆိပ်၌ ရေဝင်ရောက်စီးဆင်းမှုအခြေအနေများကြည့်ရှုစစ်ဆေး
ပုသိမ် ဩဂုတ် ၂၃
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့်တာဝန်ရှိသူများသည် ကျုံပျော်မြို့၊ ပင်လုံရပ်ကွက်၊ ဗိုလ်ချုပ် လမ်းရှိ ခဲဘောင်ကူတို့ဆိပ်၌ ရေဝင်ရောက်စီးဆင်းမှုအခြေအနေများနှင့် ကျုံပျော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း ရေစီးရေလာကောင်းမွန်ရေးအတွက်အဖွဲ့ပိုင် Back Hoe ဖြင့် ရေမြောင်းများ တူးဖော်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များမှာကြားခဲ့သည်။
23-Aug-2026