ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကျုံပျော်မြို့နယ်အားကစားခန်းမသို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများဆန်ရိက္ခာများထောက်ပံ့ပေးအပ်

ပုသိမ် ဩဂုတ် ၂၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်နှင့်တာဝန်ရှိသူများသည် ကျုံပျော်မြို့နယ် အားကစားခန်းမ သို့ သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးက မြွေအန္တရာယ်၊ ဝမ်းပျက် ဝမ်းလျှောရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများကို ဆန်၊ ဆီ၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

23-Aug-2026