ချောင်းသာ–ငွေဆောင် ကမ်းခြေသို့ လာရောက်ကြသော ဧည့်သည်များအတွက် အသိပေးချက်
၂၀၂၆ သြဂုတ် ၁၄
ကမ်းခြေတွင် ရောင်းချနေသော အကင်များနှင့်အစားအစာများကို ဝယ်ယူစားသုံးရာတွင် သန့်ရှင်းမှုနှင့် အစားအစာဘေးကင်းလုံခြုံမှုကို အထူးဂရုပြုကြပါရန် အသိပေးအပ်ပါသည်။
• အကင်များကို သေချာကျက်အောင် ချက်ပြုတ်ထားခြင်းရှိ/မရှိ စစ်ဆေးပြီးမှ စားသုံးပါ။
• ချက်ပြီးသားအကင်များကို လက်ဗလာဖြင့် မကိုင်ဘဲ ဇွန်း၊ ညှပ် သို့မဟုတ် သန့်ရှင်းသောလက်အိတ် အသုံးပြုကိုင်တွယ်ပေးသော ဆိုင်များကို ရွေးချယ်ပါ။
• အကင်များကို ဖုန်၊ ယင်ကောင်နှင့် အခြားပိုးမွှားများမှ အဖုံးအကာဖြင့် ကာကွယ်ထားခြင်းရှိ/မရှိ သတိပြုပါ။
• အနံ့၊ အရသာ၊ အရောင်မမှန်သော သို့မဟုတ် ပုပ်သိုးနေသည်ဟု သံသယရှိသော အစားအစာများကို မစားသုံးပါနှင့်။
• သန့်ရှင်းသောရေဖြင့် ပြင်ဆင်ထားပြီး သန့်ရှင်းသောပန်းကန်နှင့် အသုံးအဆောင်များ အသုံးပြုသော ဆိုင်များကို ရွေးချယ်ပါ။
• ဝမ်းပျက်ဝမ်းလျှောနှင့် အခြားအစားအစာမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများကို ကာကွယ်ရန် သန့်ရှင်းပြီး ကျက်အောင်ချက်ထားသော အစားအစာများကိုသာ ရွေးချယ်စားသုံးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
“ကျက်အောင်ချက်၊ သန့်ရှင်းစွာကိုင်၊ ဘေးကင်းစွာစား”
ချောင်းသာ–ငွေဆောင် ကမ်းခြေသို့ လာရောက်သူတိုင်း ကျန်းမာပျော်ရွှင်စွာ အပန်းဖြေနိုင်ကြပါစေ။