ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာပစ္စည်းများထောက်ပံ့ပေးအပ်

ပုသိမ် ဩဂုတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ပြီး ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကာ ပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်၊ ဘိသလွန်ကျေးရွာ လောကချမ်းသာဘုရားကြီးကျောင်းတိုက်၌ ရေဘေးသင့်ပြည်သူများကို တွေ့ဆုံအားပေးစကားများပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများက မြွေအန္တရာယ်၊ တစ်ကိုယ်ရည်သန့်ရှင်းမှု၊ ဝမ်းပျက်ဝမ်းလျှောရောဂါများမဖြစ်ပွားစေရေးနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကာ ပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စားသုံးသူရေးရာဦးစီးဌာနမှ ဒေသခံပြည်သူများအား စားဆီများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုခဲ့ပြီး ပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

12-Aug-2026