ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆ ခုနှစ်၊ မိုးရာသီ တစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇူလိုင် ၂၁

၂၀၂၆ ခုနှစ်၊ မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့မွန်းလွဲပိုင်းက ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အပင်နှစ်ဆယ်ဘူတာစုကျေးရွာတွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ စိုက်ပျိုးပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်း ဒေသကြီးအတွင်း လမ်းဘေးဝဲယာများ၌ စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင် ဖြစ်ပေါ်လာရေး၊ ရာသီဥတုပြောင်းလဲမှု လျော့နည်းလာစေရေး၊ ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချစေရေးတို့အတွက်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ရေမြေ/တောတောင်၊ သဘာဝသယံဇာတများ ပေါကြွယ်ဝည့် နိုင်ငံဖြစ်သည့်တိုင်အောင် လူဦးရေတိုးပွားလာခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်း၊ မုန်တိုင်းများ တိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည့်အကြောင်းအရာများကြောင့် သစ်တောသယံဇာတများ အပါအဝင် သဘာဝသယံဇာတများကို လျော့နည်းလာစေပါကြောင်း၊ လျော့နည်းလာသည့် သဘာဝသယံဇာတများကို မိမိတို့ မျိုးဆက်အပြင် နောင်လာမည့် မျိုးဆက်သစ်များ စဉ်ဆက်မပြတ် သုံးစွဲနိုင်ရေးအတွက် ပြန်လည်ဖြည့်တင်းပေးဖို့ရာ လူတိုင်းမှာတာဝန် ရှိပါကြောင်း၊ စိုက်ပျိုးပြီးအပင်များ ရှင်သန်အောင်မြင် ကြီးထွားစေရန် ရေလောင်းခြင်း၊ ပေါင်းသင်ခြင်း၊ မြေတောင်မြှောက်ခြင်း စသည့်ပြုစုထိန်းသိမ်းရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်မှသာ စိုက်သမျှအပင်အားလုံး ရှင်သန်ကြီးထွားနိုင်မှာ ဖြစ်သည့်အတွက် ကျေးရွာသူ/ ကျေးရွာသားများ အနေနဲ့လည်း ဂရုစိုက်ပြုစုထိန်းသိမ်းကြရန်” ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့်အပင်များပေးအပ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်၍ ရတနာတန်းဝင် ကျွန်း(၄၁၆)ပင်အား တစ်အုပ်တစ်မအနေဖြင့် စိုက်ပျိုးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။

21-Jul-2026