ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ကျန်းမာရေးဝန်ကြီးဌာန သွားနှင့်ခံတွင်း ပါမောက္ခ/ အထူးကု ဆရာဝန်ကြီးများက မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုနှင့် သက်ကြီးဘိုးဘွားများ အံကပ်တပ်ဆင်မှုအားကြည့်ရှုအားပေး

ပုသိမ် ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာန သွားနှင့်ခံတွင်းပါမောက္ခ/အထူးကုဆရာဝန်ကြီးများသည် ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုဖြင့် ဇူလိုင်လ(၁၃)ရက်နေ့မှစ၍ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ(၃၃)ဦးအား ခွဲစိတ်ကုသမှုနှင့် သက်ကြီးဘိုးဘွား (၃၁)ဦးတို့အား အံကပ်တပ်ဆင်ခြင်းများကို ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ(၁၄)ရက်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှု၍ အံကပ်များလာရောက်တပ်ဆင်သည့် သက်ကြီးဘိုးဘွားများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားများပြောကြားပြီး သက်ကြီးဘိုးဘွားများအား အံကပ်များတပ်ဆင် ပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသရန်စောင့်ဆိုင်းနေသည့်လူနာများနှင့် ခွဲစိတ်ကုသပြီး လူနာများအား လိုက်လံကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ပြီး အထူးကု ဆရာဝန်ကြီး များအား ဒေသထွက်အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

16-Jul-2026