ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ရေကြည်မြို့နယ်၊ ရေဘေးကာကွယ်ရေးသရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်

ပုသိမ် ဇူလိူင် ၁၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငဝန်ရေကာတာ တာမိုင်၅၅/၃အနီး ကညင်ငူကျေးရွာတွင်ပြုလုပ်သည့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှပြုလုပ်သည့် ရေဘေးကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နှစ်စဉ်တာတမံများကို ပြုပြင်ရန်နှင့် ပြင်ဆင်ထိန်းသိမ်းရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တာတမံများကို တောင့်တင်းကြံ့ခိုင်မှုရှိအောင် ပြုပြင်ဆောင်ရွက်မှုများနှင့်အတူ ရေရှည် တည်တံ့ပြီး ထိခိုက်မှုမရှိအောင် ထိန်းသိမ်းဖို့လည်း အရေးကြီးပါကြောင်း၊ တာတမံ၏ အကာအကွယ်ကြောင့် မိုးရာသီ စိုက်ပျိုးရေး လုပ်ကိုင်နေသူများနှင့် ဒေသအတွင်း မှီတင်းနေထိုင်ကြသူများကလည်း မိမိတို့ဒေသ အကျိုးစီးပွားကို အကာအကွယ်ပေးလျက်ရှိသည့် ရေဘေး ကာကွယ်ရေးတာတမံများကို ရေရှည်တည်တံ့အောင်၊ ထိခိုက်ပျက်စီးမှုမရှိအောင် တာတမံဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်သွားကြရန်လည်း လိုအပ်ပါကြောင်း” ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ရေဘေးကာကွယ်ရေးဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ ကျုံပျော်ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက ရေဘေး ကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အားလည်းကောင်း ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံသို့ ရေဘေးကာကွယ်ရေး အသိပေးအချက်ပြအလံများ ပေးအပ်ခဲ့ကာ အရေးပေါ်ကာကွယ်ရေး နည်းလမ်းများအား သရုပ်ပြသခြင်းနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုအစီအစဉ် စီမံချက်အား ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး ရေဘေးကာကွယ်ရေးဆောင်ရွက်လျက်ရှိသော ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ တာတမံဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်း‌ဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ကညင်ငူကျေးရွာ၌ တည်ဆောက်ပြီး ကျောက်စီတမံများနှင့်ကပ်လျက်တာနှင့် နီးကပ်နေသောမြေသားကမ်းပါးများ ငဝန်မြစ်ရေကြီးချိန်ကမ်းပါးများရေတိုက်စားမှု လျော့ပါးစေရေး အရေးပေါ်မိုးရာသီယာယီကာကွယ်ရေးလုပ်ငန်းဖြစ်သည့် Floating Uint များဆောင်ရွက်နေမှုအားကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့‌ကြောင်းသိရှိရသည်။

15-Jul-2026