ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဘဲလ်လာ ကြိမ်ထည်ပစ္စည်း အလှဆင်လုပ်ငန်းနှင့် ယမထာနှင့် ရွှေကြိမ်လုံး ကြိမ်၊ ကြိမ်ချောထည်၊ ကြိမ်အူလုံး၊ နန်းပင်အမျိုးမျိုးရောင်းဝယ်ရေးလုပ်ငန်းအားကြည့်ရှုအားပေး

ပုသိမ် ဇူလိူင် ၁၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့၊ ဆရာစံရပ်ကွက်၊ ပိုင်ရှင် ဦးမြင့်ဦး၏ MSME လုပ်ငန်းဖြစ်သည့် ဘဲလ်လာ ကြိမ်ထည်ပစ္စည်း အလှဆင်လုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ရာ တာဝန်ရှိသူများက ကုန်ကြမ်းရရှိမှု၊ ပြည်တွင်းပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချမှု၊ ရေကြည်မြို့နယ်အတွင်း ကြိမ်စိုက်ခင်းများ စမ်းသပ်စိုက်ပျိုးနေမှုအခြေနေများရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကုန်ကြမ်းလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးအတွက် ကြိမ်စိုက်ခင်းများကို တိုးချဲ့စိုက်ပျိုးကြရန်နှင့် MSME လုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယမထာနှင့် ရွှေကြိမ်လုံး ကြိမ်၊ ကြိမ်ချောထည်၊ ကြိမ်အူလုံး၊ နန်းပင်အမျိုးမျိုးရောင်းဝယ်ရေး လုပ်ငန်းအား ဆက်လက်ကြည့်ရှုအားပေးကာ ကြိမ်၊ ဝါး၊ ဗေဒါ၊ သင် အခြေခံလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် လက်မှုထည်ထုတ်လုပ်မှုပမာဏ မြှင့်တင်နိုင်ရေး၊ ပြည်တွင်းကုန်စည်ပြပွဲများသာမက ပြည်ပကုန်စည် ပြပွဲများတွင် ဒေသခံ ကြိမ်ထည်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရေး သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းချိတ်ဆက် ဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။

15-Jul-2026