ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဇလွန်မြို့နယ် ရေဘေးကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်

ပုသိမ် ဇူလိူင် ၁၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဇလွန်မြို့၊ ဧရာဝတီဟင်္သာတတာမိုင် (၂၅/၂)ဆန်တန်းရပ်ကွက်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှပြုလုပ်သည့် ရေဘေးကာကွယ်ရေး သရုပ်ပြပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတက်ရောက်ခဲ့ပြီး ဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေး ကာကွယ်ရေးအတွက် ရေကာတာများနှင့် တာတမံများကို ခိုင်မာစွာတည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများကို နှစ်စဉ်ဆောင်ရွက်သကဲ့သို့ ဒေသတွင်းတွင်ရှိသည့် မြစ်များ၊ ချောင်းများ မြောင်းများ၌ ရွှံနွံပိ ရွှံ့နွံပိတ်ဆို့တိမ်ကောမှုများ မရှိအောင်၊ အမှိုက်သရိုက်များနှင့် ရေစီးရေလာ အဟန့်အတားမဖြစ်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များကို ကာကွယ်သည့်အခါ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ အင်အားသာမက ဒေသခံပြည်သူတစ်ရပ်လုံးက ပါဝင်ဆောင်ရွက်မှသာ လျင်လျင်မြန်မြန်နှင့်အောင်မြင်စေမည် ဖြစ်ပါကြောင်း” ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ရေဘေးကာကွယ်ရေးဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ ဟင်္သာတခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက ရေဘေး ကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအစီအစဉ်အားလည်းကောင်း ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများထံသို့ ရေဘေးကာကွယ်ရေး အသိပေးအချက်ပြအလံများ ပေးအပ်ခဲ့ကာ အရေးပေါ်ကာကွယ်ရေး နည်းလမ်းများအား သရုပ်ပြသခြင်းနှင့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုအစီအစဉ် စီမံချက်အား ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး ရေဘေးကာကွယ်ရေးဆောင်ရွက်လျက်ရှိသော ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာန၊ တာတမံဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။

15-Jul-2026