ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအားဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများကပ်လှူပူဇော်

ပုသိမ် ဇူလိူင် ၁၅

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးတို့သည် ယနေ့နံနက်ပိုင်းက ဟင်္သာတခရိုင်၊ ဇလွန်မြို့၊ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအား ပန်း၊ ရေချမ်းများ ကပ်လှူပူဇော်ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဂေါပကအဖွဲ့ထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အနောက်ဘက်စောင်းတန်း ပြုပြင်တည်ဆောက်မည့်အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးတာဝန်ရှိသူများအား သာသနိကအဆောက်အဦများ၏ မြန်မာမှုလက်ရာများ ရေရှည်တည်တံ့စေရေးထိန်းသိမ်းဆောင်ရွက်ရန်၊ ဘုရားပရဝဏ် အတွင်းသန့်ရှင်းသပ်ရပ်မှုရှိစေရန်နှင့် အများပြည်သူများစိတ်အေးချမ်းသာစွာ ဘုရားဖူးကြည်ညိုနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။

15-Jul-2026