ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦအေးကျော်သည် သက်ကြီးဘိုးဘွားများအား အံကပ်များတပ်ဆင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေး

ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာန သွားနှင့်ခံတွင်း ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများမှ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုနှင့် သက်ကြီးဘိုးဘွားများအံကပ်တပ်ဆင်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သက်ကြီးဘိုးဘွားများအား အံကပ်များတပ်ဆင်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ပေးနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကာ လာရောက်ပြသသည့် သက်ကြီးဘိုးဘွားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ပြီးနောက် ခြေထောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့သဖြင့် ဆေးရုံတက်ရောက်ကုသနေသည့် ကလေးငယ်တစ်ဦးအား ဆက်လက်ကြည့်ရှု အားပေးစကားများပြောကြားပြီး လမ်းလျှောက်ရာတွင် အထောက်အကူပြုစေရန်အတွက် ချိုင်းထောက်တစ်စုံလှူဒါန်းပေးအပ်ခဲ့သည်။

11-Jul-2026