ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်) တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည့်ကုမ္ပဏီများနှင့်တွေ့ဆုံ
ပုသိမ် ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၂)တွင်ပြုလုပ်သည့် အားကစားနှင့် ကာယပညာသိပ္ပံ(ပုသိမ်) တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများနှင့် တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)၌ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်မည့် တင်ဒါအောင်ကုမ္ပဏီများသည် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အတွေ့အကြုံရှိသည့် ကုမ္ပဏီများဖြစ်ပါကြောင်း၊ တည်ဆောက်သည့် အဆောက်အဦများအား အရည်အသွေးရှိရှိဖြင့် စနစ်တကျဆောက်လုပ် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို စေတနာပါပါပါဖြင့် ဆောင်ရွက်ပေးရန်လိုပါကြောင်း၊ မြေနေရာရွေးချယ်မှုများကိုလည်း စနစ်တကျရွေးချယ်၍ ဆောက်လုပ်ရမည်ဖြစ်ပါကြောင်း၊ ဘောလုံးကွင်းဆောက်လုပ်ရာတွင် အားကစားရေးရာဝန်ကြီး ဌာနမှ သတ်မှတ်ထားသည့်အရည်အသွေး၊ စံချိန်စံညွှန်များ ပြည့်မီရေးကိုအလေးထား ဆောင်ရွက်သွားရန်နှင့် တာဝန်ရှိသူများကလည်း လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို စစ်ဆေးကြပ်မတ် ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း” ပြောကြားသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းဦးစီးမှူးက အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)၌ ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်နှင့် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်များတွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေ အနေများ၊ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်၌ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းများနှင့် အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)၌ တည်ဆောက်ရေးလုပ်ငန်း များအား တာဝန်ယူဆောင်ရွက်မည့် ကုမ္ပဏီများက လုပ်ငန်းတစ်ခုချင်းအလိုက် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီးက တင်ပြမှုများအပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။