ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် Galaxy Red Star ကုမ္ပဏီလီမိတက်မှ ပုသိမ်မြို့နယ်အတွင်း Solar Powerplantနှင့် Wind Turbine Power Plant နှစ်မျိုးအသုံးပြု၍ Mega Watt (100) ထုတ်လုပ်ရရှိရေးအတွက်ဆောင်ရွက်ထားရှိမှုအစီအစဉ်များအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးတက်ရောက်

ပုသိမ် ဇူလိုင် ၇

Galaxy Red Star ကုမ္ပဏီလီမိတက်မှ ပုသိမ်မြို့နယ်အတွင်း Solar Powerplantနှင့် Wind Turbine Power Plant နှစ်မျိုးအသုံးပြု၍ Mega Watt(100) ထုတ်လုပ်ရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုအစီအစဉ်များအား ရှင်းလင်းတင်ပြခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကုမ္ပဏီမှတာဝန်ရှိသူများက Galaxy Red Star (Myanmar)နှင့်ပူးပေါင်း ဆောင်ရွက် မည့် GCL (China)ကုမ္ပဏီ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဆောင်ရွက်နေမှုအခြေအနေများ၊ Solar Power ၊ Wind Turbine Power အသုံးပြု၍ (Zero Carbon) အဖြစ် လျှပ်စစ်ထုတ်လုပ် နိုင်မှုအခြေအနေများ၊ ဓာတ်အားပေးစက်ရုံ စမ်းသပ်စစ်ဆေးရေး ဝန်ဆောင်မှုများ၊ Solar Powerplant နှင့် Wind Turbine Power Plant နှစ်မျိုးအသုံးပြု၍ Mega Watt(100) ထုတ်လုပ်ရရှိရေးအတွက် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများ ရှင်းလင်းတင်ပြမှုများနှင့် ဌာနဆိုင်ရာများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က “လျှပ်စစ်ဓာတ်အား ရရှိရေးလုပ်ငန်းများကို တိုင်းဒေသကြီးအတွင်း ပိုမိုဆောင်ရွက်နိုင်ပါက ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင်သာမက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ MSME လုပ်ငန်းများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါကြောင်းနှင့် စက်သုံးဆီအသုံးပြုမှုများလည်း လျော့နည်းသွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကုမ္ပဏီများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်နိုင်ပါက တိုင်းဒေသကြီးအတွက် များစွာအကျိုးရှိမည် ဖြစ်ပါကြောင်း”ပြောကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။

07-Jul-2026