ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ရန်ကုန် - ပုသိမ်ကားလမ်းပေါ်ရှိ ပန်တိုင်စစ်ဆေးရေးဂိတ်အား အဆင့်မြှင့်တိုးချဲ့တည်ဆောက်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ပုသိမ် ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ရန်ကုန်-ပုသိမ်ကားလမ်းပေါ်ရှိ ပန်တိုင်စစ်ဆေးရေးဂိတ်အား အဆင့်မြှင့်တိုးချဲ့ တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ မြေသား ပြုပြင်ခြင်းနှင့် ဖို့မြေလုပ်ငန်းများဆောင်ရွက်ခြင်း၊ ယာဉ်များရပ်နားစစ်ဆေးခံရန် အဆောက်အဦ တည်ဆောက်ခြင်း၊ X-Ray စက်ထားရှိရန် အဆောက်အဦတည်ဆောက်ခြင်း၊ အိပ်ဆောင်၊ စားရိပ်သာနှင့်မီးဖိုဆောင် တည်ဆောက်ခြင်း၊ ရေချိုးဆောင်၊ သန့်စင်ခန်း၊ ရေစင်နှင့် လုပ်ငန်းသုံး ယာယီအဆောက်အဦများစသည့် တည်ဆောက်ရေးလုပ်ငန်းများ၊ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် မြေနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဦးစားပေးအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများအား အမြန်ဆောင်ရွက်သွားရန်နှင့် မြေသားခိုင်ခံ့မှုရှိစေရေးနှင့် မြေထိန်းနံရံတည်ဆောက်ရေးလုပ်ငန်းများနှင့် ဆောက်လုပ်သည့် အဆောက်အဦများသည် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ ဖြစ်စေရေးအပြင် အရည်အသွေး ပြည့်မီရေးအတွက် အထူးအလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး တာဝန်ကျ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုံခြုံရေးကိစ္စရပ်များအား အလေးထားဆောင်ရွက်ရန်၊ တရားမဝင် ကုန်သွယ်မှုများမရှိစေရေးစစ်ဆေးကြပ်မတ်ရန်၊ မိမိတို့လုပ်ငန်းတာဝန်များကို တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

30-Jun-2026