မြစ်ကမ်းပါးပြိုကျမှုများကြည့်ရှု့စစ်ဆေး

ပုသိမ် ဇွန် ၂၄

၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စွမ်းအင်၊ စက်မှု့နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ထွန်းဇော်၊ ရေအရင်အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဋ္ဌာန တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးလှမိုးနှင့်အဖွဲ့တို့သည် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့၊ ကျောင်းရွာကျေးရွာအုပ်စု၊ ကျောင်းရွာကျေးရွာတွင် မြစ်ရေတိုက်စားမူကြောင့် မြေပြိုမူဖြစ်ပွားသောနေရာများသို့ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ မအူပင်မြို့၊ အမှတ် (၁၁)ရပ်ကွက်၊ ရွှေစေတီလမ်း၊ ရာဇာလဖက်ရည်ဆိုင်အနီးတွင် မြစ်ရေတိုက်စားမူကြောင့် မြေပြိုမူဖြစ်ပွားသောနေရာများအား ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ပြီး ညောင်တုန်းမြို့သို့ဆက်လက်ထွက်ခွာခဲ့ရာ ညောင်တုန်းမြို့၊ ဆားမလောက်ကျေးရွာ၊ အနန္တဂုဏ်ရောင်စာသင်တိုက်အနောက်ဘက်ရှိ မြစ်ကမ်းပါးပြိုကျမူများအားကြည့်ရှု့စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ညောင်တုန်းမြို့၊ ရန်ကင်းစံရာအနောက်ကျွန်းကျေးရွာနှင့် အမှတ်(၄)ရပ်ကွက်၊ (၆)လမ်းနှင့် (၁၀)လမ်းအကြား ကမ်းပြိုကာကွယ်ရေးလုပ်ငန်း လုပ်ငန်းခွင်သို့ကြည့်ရှု့စစ်ဆေးခဲ့ကြပါသည်။

24-Jun-2026