ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ပုသိမ်မြို့၊ ကမ်းနားလမ်း ကျောက်ထီးအနီး ငဝန်မြစ်ရေစီးကြောင့် ဖြစ်ပေါ်ခဲ့သော လူသွားလမ်းပလက်ဖောင်းနှင့်ရင်ပြင်အက်ကွဲမှုအား ကြည့်ရှုစစ်ဆေး
ပုသိမ် ဇွန် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကမ်းနားလမ်း ကျောက်ထီးအနီး ငဝန်မြစ်ကမ်းဘေးတွင် အများပြည်သူအပန်းဖြေ အနားယူနိုင်ရန်နှင့် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန်အတွက် ပြုလုပ်ထားသော ပလက်ဖောင်းနှင့် ရင်ပြင်ပေါ်တွင် ငဝန်မြစ်ရေစီးကြောင့် အလျားပေ ၁၃၀ ခန့် အက်ကွဲကြောင်းဖြစ်ပေါ်ခဲ့သဖြင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့နံနက်ပိုင်းက အဆိုပါနေရာသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ တိုင်းဒေသကြီးဌာနဆိုင်ရာတာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးချုပ်က အများပြည်သူ အန္တရာယ်မဖြစ်စေရေးအတွက် လိုအပ်သည့်အစီအမံများ ချက်ချင်းဆောင်ရွက်ရန်နှင့် အမြန်ဆုံးပြန်လည် ပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါနေရာတွင် အများပြည်သူ အန္တရာယ်မဖြစ်စေရေးအတွက် လိုအပ်သော အစီအမံများ၊ သတိပေးဆိုင်းဘုတ်များ ဆောင်ရွက်ထားရှိပြီး တိုင်းဒေသကြီးမြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကလည်း ကမ်းထိန်းနံရံပျက်စီးမှုမဖြစ်ပေါ်စေရေးအတွက် လိုအပ်သည်များကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။