ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် သူနာပြုသင်တန်းကျောင်း(မြောင်းမြ)၏ အပတ်စဉ်(၆) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားများတက်ရောက်

ပုသိမ် ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မြောင်းမြမြို့သူနာပြုသင်တန်းကျောင်းတွင်ပြုလုပ်သည့် ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကာ သင်တန်းသား၊ သင်တန်းသူများ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “သူနာပြုအတတ်ပညာသည် နိုင်ငံတော်နှင့် လုပ်သားပြည်သူများအတွက် အားကိုးအားထားရသည့်အပြင် မိမိတို့အတွက် ကုသိုလ်လဲရဝမ်းလဲဝသည့် အလုပ်ဖြစ်၍ သူနာပြုအလုပ်ကို ဂုဏ်ယူစွာဖြင့် လုပ်ကိုင်ရင်း ပြည်သူကို အလုပ်အကျွေးပြုကြရန်လိုပါကြောင်း၊ ပြည်သူကပေါက်ဖွားလာသည့် သူနာပြုသင်တန်းသား၊ သင်တန်းသူများသည် ပြည်သူများကို ကူညီမှု၊ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ရှေးကစံပြပုဂ္ဂိုလ်များကိုနမူနာယူပြီး စေတနာ၊ ဝါသနာ၊ အနစ်နာခံမှု၊ မေတ္တာတရားများကိုရင်မှာပိုက်၍ အခက်အခဲများကို ကျော်လွှားအောင်မြင်ကာ သင်တန်းပြီးမြောက်အောင်မြင်အောင် တက်ရောက်ပြီး မိသားစုအကျိုး၊ ပြည်သူ့အကျိုးကိုဆောင်ရွက်နိုင်သည့် သူနာပြုကောင်းများ ဖြစ်ပါစေကြောင်း” ပြောကြားသည်။

ထို့နောက် ဖလောရင့်နိုက်တင်ဂေးလ်ဆုရှင်နှင့် မြောင်းမြမြို့သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ မြောင်းမြမြို့ပြည်သူ့ဆေးရုံတို့မှ တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းများအပ်နှင်းခဲ့ပြီး သင်တန်းသား၊ သူများက သူနာပြုသစ္စာအဓိဋ္ဌာန်များရွတ်ဆိုခဲ့ကြသည်။ ဆက်လက်၍ သင်တန်းတွင်ထူးချွန်ဆုရရှိသူများနှင့် ဆုချီးမြှင့်ငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးတို့က ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်ခဲ့သည့် သူနာပြုသိပ္ပံ(ပုသိမ်)၏ အပတ်စဉ်(၄၁) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားတွင် သင်တန်းသား၊ သင်တန်းသူ (၁၀၀)ဦး၊ ‌သူနာပြုသင်တန်းကျောင်း(မြောင်းမြ)၏ အပတ်စဉ်(၆) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားတွင် သင်တန်းသား၊ သင်တန်းသူ(၈၄)ဦး တို့အား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ကြောင်း သိရှိရသည်။ ယနေ့ကျင်းပပြုလုပ်ခဲ့သည့် ‌သူနာပြုသင်တန်းကျောင်း(မြောင်းမြ)၏ အပတ်စဉ်(၆) သူနာပြု-သားဖွား ဒီပလိုမာသင်တန်း ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားတွင် သင်တန်းသား၊ သင်တန်းသူ(၈၄)ဦး တို့အား ဂျူတီကုတ်နှင့် ဦးဆောင်းများ အပ်နှင်းခဲ့ကြောင်း သိရှိရသည်။

17-Jun-2026