တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဧရာဝတီတိုင်းဒေသကြီးစစ်မှုထမ်းဟောင်းများ၏ သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီးစစ်မှုထမ်းဟောင်းများ၏ သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ(၁၂)ရက်နေ့ညနေပိုင်းက အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ (၁)တွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် စစ်မှုထမ်းဟောင်းများတက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား စစ်မှုထမ်းဟောင်းများက တစ်ဦးချင်းမိတ်ဆက် တင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးစစ်မှုထမ်းဟောင်းများ၏ သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ စစ်မှုထမ်းဟောင်းများ၏ စားဝတ်နေရေးနှင့် သား/ သမီးများ၏ ပညာရည်မြှင့်တင်မှု လုပ်ငန်းများကိုလည်း အလေးထားဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြောကြားပြီး အစိုးရအဖွဲ့က ထောက်ပံ့ငွေ (၇၉၁၁၀၀၀ဝိ/-)ကျပ်နှင့် ဌာနဆိုင်ရာများ ထောက်ပံ့ငွေ(၁၀၄၅၀၀၀ဝိ/−)ကျပ်၊ စုစုပေါင်း (၈၉၅၆၀၀၀ဝိ/−) ကျပ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဧရာဝတီတိုင်းဒေသကြီးစစ်မှုထမ်းဟောင်းများ၏ သားသမီးများအတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

14-Jun-2026