ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းများအား ဆန် ၊ ဆီ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားပြုလုပ်
ပုသိမ် ဇွန် ၈
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံးဝန်ထမ်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသော ဆန် ၊ ဆီ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားအား ယမန်နေ့ နေ့လည်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်ရုံး၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ဆန် ၊ ဆီ လှူဒါန်းမှုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အား ကျေးဇူးအထူးတင်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး ဝန်ထမ်းများအား ဆန် ၊ ဆီ ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်းသိရသည်။
08-Jun-2026