ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ကျောင်းအားကစားကွင်းများဖော်ဆောင်နိုင်ရေးကြည့်ရှုစစ်ဆေး

ပုသိမ် ဇွန် ၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့ပေါ်ရှိအခြေခံပညာကျောင်းများတွင် ကျောင်းအားကစားကွင်းများ ဖော်ဆောင်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့်အတူသွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က (၄)သို့ ရောက်ရှိ၍ ကျောင်းကစားကွင်းဖော်ဆောင်မည့် မြေနေရာအားကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့သည်။ ထို့အတူ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖော်ဆောင်ထားရှိပြီးသည့် ကျောင်းအားကစားကွင်းနှင့် ဆက်လက်ဖော်ဆောင်မည့် မီနီအားကစားကွင်းမြေနေရာများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အားကစားကွင်းများ စနစ်တကျဖြစ်စေရေးနှင့် အဆင့်မီမီဖြစ်စေရေး၊ အရည်အသွေးရှိပြီး Telent ရှိသည့် အားကစားသမားများ ပေါ်ထွက်လာစေရေး၊ သက်ဆိုင်ရာအားကစားနည်းအလိုက် ထူးချွန်ထက်မြက်သည့် အားကစားသမားများပေါ်ထွက်လာစေရန် ငယ်စဉ်ကတည်းကပင် စနစ်တကျရွေးချယ်၍ ပြုစုပျိုးထောင်ပေးနိုင်ရေးတို့ကို မှာကြားခဲ့သည်။

07-Jun-2026