ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ပုသိမ်မြို့၊ နံ့သာကုန်းမိုးကုတ်ဝိပဿနာရိပ်သာကျောင်းဆရာတော်အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထား
ပုသိမ် ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ သိမ်မြို့၊ နံ့သာကုန်းမိုးကုတ်ဝိပဿနာ ရိပ်သာကျောင်းဆရာတော်အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထားခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ နံ့သာကုန်းမိုးကုတ်ဝိပဿနာရိပ်သာကျောင်းဆရာတော်အား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာကိစ္စရပ်များနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များအား တင်ပြလျှောက်ထား၍ နဝကမ္မအလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့ပြီး အဆိုပါကျောင်းဝန်းရှိ ဖြူစင်မေတ္တာလူမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (စနေနေ့တိုင်း ကုသိုလ်ဖြစ်အမဲ့ဆေးခန်း)၌ ဆေးလာရောက်ကုသသည့်ပြည်သူများအား ရင်းရင်းနှီးနှုတ်ဆက် အားပေးခဲ့ကာ ဆေးခန်းပြင်ဆင်ထားရှိမှုများအား ကြည့်ရှုအားပေးခဲ့သည်။
07-Jun-2026