ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ဇောတိကကမ်းလွန်ဖွံ့ဖြိုးရေးစီမံကိန်း(Phases 1A - 16) နှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့တက်ရောက်
ပုသိမ် မေ ၂၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်သည့် E Guard Enviromental Services မှ ဇောတိက ကမ်းလွန်ဖွံ့ဖြိုးရေးစီမံကိန်း(Phases 1A - 16) နှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ် ခြင်းလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ရာ ကုမ္ပဏီမှတာဝန်ရှိသူများက မုတ္တမပင်လယ်ကွေ့ရှိ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုလုပ်ငန်းများ၊ ဇောတိကသဘာဝဓာတ်ငွေ့ ဖွံ့ဖြိုးရေးစီမံကိန်းတွင် လက်ရှိလုပ်ဆောင် နေသော လုပ်ငန်းများနှင့် ထပ်တိုးလုပ်ဆောင်မည့်လုပ်ငန်းများ၊ စီမံကိန်းတွင်ပါဝင်မည့် လုပ်ငန်း စဉ်များ၊ လူမှုရေးတာဝန်ယူမှုလုပ်ငန်းများ၊ PTTEPI မှ မုတ္တမကမ်းလွန်လုပ်ကွက် M9 တွင် ဆောင်ရွက်လျက်ရှိသည့် ဇောတိကကမ်းလွန်ဖွံ့ဖြိုးရေးစီမံကိန်း(Phases 1A-1G) အတွက် EIA လုပ်ဆောင်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုနှင့် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၏ ဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က“စီမံကိန်း နှင့်ပတ်သက်သည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းများအား သတ်မှတ်ကာလ အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှုများကိုလည်း တင်ပြရန်”မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။