ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး

ပုသိမ်          မေ        ၂၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံးသို့ရောက်ရှိ၍ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ  တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်းပရန် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လွှတ်တော်ရုံး ပရဝဏ်အတွင်း သန့်ရှင်းရေး၊ လျှပ်စစ်မီးရရှိရေး၊ မီဒီယာများသတင်းရယူနိုင်ရေး၊ လွှတ်တော်ရုံး အတွင်း လုံခြုံရေးချထားမှုများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြားခဲ့သည်။

29-May-2026