ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၏ အကြိမ်(၄၀)မြောက် ကျန်းမာရေးအလှူတော် အခမဲ့ ဆေးကုသမှု ဖွင့်ပွဲအခမ်းအနား တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးလှမိုးအောင်သည် တိုင်းဒေသကြီးစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဌေးဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွှေပါရမီဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ စေတနာထက်သန်စွာပါဝင် လှူဒါန်းသောအလှူရှင်များနှင့်အတူ (၂၄.၁၂.၂၀၁၈)ရက်နေ့တွင် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်၏ ဦးဆောင်မှု၊ တိုင်းကျန်းမာရေးဦးစီးဌာနနှင့် မြန်အောင်မြို့နယ် နယ်သူ/နယ်သားများပူးပေါင်းမှုုဖြင့် ဆောင်ရွက်သည့် ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၏ အကြိမ်(၄၀)မြောက် ကျန်းမာရေးအလှူတော် အခမဲ့ ဆေးကုသမှု ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၀၈.၃၀)နာရီအချိန်တွင်အ.ထ.က(၁)မြန်အောင်ကျောင်း မြို့နယ်အားကစားကွင်းရှိ ဆေးကုသမှုခံယူသူများ နားနေဆောင်ရှေ့တွင် တာဝန်ရှိသူများနှင့်အတူ ဖွင့်လှစ်ပေးခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ မိမိတို့ဒေသအတွင်းမှ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုခံယူသူများပြားသဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း လာမည့်နှစ်တွင် နောက်တစ်ကြိမ် ဖြစ်နိုင်အောင် ကြိုုးစားသွားမည်ဖြစ်ကြောင်း၊ မြန်အောင်မြို့နယ်သူ၊ မြို့နယ်သားများ၏ ကျန်းမာရေးစောင့်ရှောက်ရေးလုပ်ငန်းများကို ပြည်သူလူထုအတွင်း ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် နာယကဆရာတော်အား လျောက်ထားပြီး ရွှေပါရမီကျန်းမာရေး ဖောင်ဒေးရှင်းအဖွဲ့နှင့်ပူးပေါင်း၍ ငွေကြေးမတတ်နိုင်သည့် ပြည်သူများအတွက်ရော၊ ငွေကြေးတတ်နိုင်သော်လည်း ရောဂါအမျိုးမျိုးကြောင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကဲ့သို့သော မြို့ကြီးများသို့ သွားရောက်မကုသနိုင်သည့် ပြည်သူများ ကျန်းမာရေးအတွက် ငွေကြေးကုန်ကျမှုအရှိစေပဲ အချိန်ကုန်သက်သာစွာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင် းပြောကြားခဲ့ပါသည်။
ထို့နောက် အခမ်းအနားတွင် မြန်အောင်မြို့ ဆေးကုသရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် စေတနာရှင်များက လှူဒါန်းသည့် ငွေကျပ်(၅၁၂)သိန်းကျပ်ကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်၍ ဒေသဖွံ့ဖြိုးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် အလှူငွေများကို ဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ဆေးဝါးလာရောက်ကုသမှုခံယူသော ဒေသခံနှင့်မြို့နယ်အသီးသီးမှလာရောက်ကျသော ပြည်သူများကို အားပေးစကားပြောကြားခဲ့ပြီးနောက် ပဲနို့အာဟာရတိုက်ကျွေခြင်းများ ပြုလုပ်ခဲ့ပါသည်။