ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၆ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်
ပုသိမ် မေ ၁၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအေးကျော်သည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်သည့် ၂၀၂၆ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး အမျိုးသား ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကာ နည်းပြအဖွဲ့ဝင်တစ်ဦးက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ၂၀၂၆ ခုနှစ် ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ၁၉-၅-၂၀၂၆ မှ ၃-၆-၂၀၂၆ထိ အုပ်စုပွဲစဉ် များအား ဘားအံ ၊ တောင်ကြီး ၊ ပဲခူး ၊ ပုသိမ်မြို့များတွင် ကျင်းပမည်ဖြစ်ပြီး ရှုံး/ထွက် ပွဲစဉ်မှ၍ ဗိုလ်လုပွဲပွဲစဉ်အထိ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါကြောင်း၊ အားကစား သမားများ အနေဖြင့် လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှရဲရင့် ၊ ရဲရင့်မှ အောင်ပွဲခံ ” ဆိုသည့်အတိုင်း လေ့ကျင့်သားပြည့်ဝပြီး ယုံကြည်မှုခိုင်မာစွာနဲ့ အောင်စိတ်တံခွန်များ တလူလူ လွှင့်ထူထားကြပြီလို့လည်း ယုံကြည်ထားပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး အသင်းကို တာဝန် ယူကြမည့် အုပ်ချုပ်သူများနှင့် နည်းပြများကလည်း မိမိအားကစားသမားများ တိုးတက်မှု ရှိအောင် ဆောင်ရွက်ကြရန်နှင့် အားကစားသမားများ အနေဖြင့်လည်းနည်းပြများ သင်ကြားပေး ခဲ့သည့် နည်းစနစ်တွေကို ကောင်းမွန်စွာအသုံးချပြီး ကြိုးစားယှဉ်ပြိုင်ကြရန် မှာကြားလိုပါကြောင်း” ပြောကြားခဲ့ကာ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီးနောက် အားကစားအဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့သည်။