ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် သင်္ကြန်အကြတ်နေ့ညနေပိုင်းနှင့် အတက်နေ့နံနက်ပိုင်းတွင် ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး

ပုသိမ် ဧပြီ ၁၆

၁၃၈၇ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြတ်နေ့၊ ယမန်နေ့ညနေပိုင်းတွင် ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များ၏ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေးကာ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဗဟိုမဏ္ဍပ်တွင် အမှတ် (၇)ရပ်ကွက် ယိမ်းအဖွဲ့၊ မူလတန်းအုပ်စု(၂)ယိမ်းအဖွဲ့၊ မူလတန်းအုပ်စု (၃)ယိမ်းအဖွဲ့၊ မူလတန်း အုပ်စု(၆)ယိမ်းအဖွဲ့၊ မူလတန်းအုပ်စု(၁)ယိမ်းအဖွဲ့၊ ရခိုင်တိုင်းရင်းသားရိုးရာယိမ်းအဖွဲ့၊ စည်ပင် သာယာရေးယိမ်းအဖွဲ့များ၏ပါဝင်ယှဉ်ပြိုင်နေမှုများနှင့် ဖျော်ဖြေရေးအဖွဲ့များ၏တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ယိမ်းအဖွဲ့များအား ဂုဏ်ပြု ဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ သင်္ကြန်အတက်နေ့တွင် ကမ်းနားလမ်း တစ်လျှောက်ရှိ လမ်းလျှောက်သင်္ကြန်အပါအဝင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်မဏ္ဍပ်များ၌ ရေပက်ခံ ထွက်သူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကမ်းနားလမ်း၊ ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်သို့သွားရောက်၍ ယိမ်းအဖွဲ့များနှင့် တေးသံရှင်များ၏ သီဆိုဖျော်ဖြေ နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ချစ်ကြည်ရင်းနှီးစွာ အတာရေစင်များ ပက်ဖျန်းခဲ့ကြကာ ပြည်သူများနှင့်အတူ သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့သည် ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်သို့ သွားရောက်၍ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းယိမ်းအဖွဲ့၊ အမှတ်(၁၃) ရပ်ကွက်ယိမ်းအဖွဲ့(က)၊ မူလတန်းအုပ်စု(၅)ယိမ်းအဖွဲ့နှင့် အမှတ်(၁၃)ရပ်ကွက်ယိမ်းအဖွဲ့(ခ) တို့၏ ယှဉ်ပြိုင်နေမှုများ၊ ဖျော်ဖြေရေးအဖွဲ့များ၏ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှု အားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကာ ဌာနဆိုင်ရာများနှင့် ပြည်သူများကို ချစ်ကြည်ရင်းနှီးစွာ အတာရေစင်များ ပက်ဖျန်းခဲ့ကြသည်။ ၁၃၈၇ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်အပါအဝင် ဗဟိုမဏ္ဍပ်၊ ဌာနဆိုင်ရာမဏ္ဍပ်များ၊ ရပ်ကွက်မဏ္ဍပ်များ အပြင် သနပ်ခါးမဏ္ဍပ်၊ ဟာလဝါမဏ္ဍပ်၊ ထမနဲမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်တို့ကို ထည့်သွင်းကျင်းပ လျက်ရှိသည့်အပြင် ဖျော်ဖြေရေးယိမ်းအဖွဲ့၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့၊ တေးသံရှင်များ၊ ယိမ်းအကများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာ အေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားသည့်ပြည်သူများအား သင်္ကြန်ကာလအတွင်းစတုဒီသာများဖြင့်နေ့စဉ်ကျွေးမွေး ဧည့်ခံလျက်ရှိကြောင်းသိရသည်။

16-Apr-2026