"ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ ရက် ၁၀၀ စီမံချက်အစီအစဉ်"
"ပြည်သူများအတွက် ပြည်သူ့အစိုးရ၏ ရက် ၁၀၀ စီမံချက်အစီအစဉ်"
ပြည်သူလူထု၏ လိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံခိုင်မာစေရန် ပြည်သူ့အစိုးရမှ ရက် ၁၀၀ စီမံချက်အစီအစဉ်တွင် အောက်ပါလုပ်ငန်းများအားဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်-
(၁) လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) အသစ်လျှောက်ခြင်း၊ အမည်ပြောင်းခြင်း
(၂) ရသင့်ရထိုက်သောမြေဌားဂရန်နှင့်စက်မှုမြေဌားဂရန်များ
(၃) လဝက ၏အိမ်ထောင်စုဇယား ပုံစံ(၁၀)၊နှင့်နိုင်ငံသားကဒ်မှတ်ပုံတင်အသစ်ပြုလုပ်ခြင်း၊ အဟောင်းလဲလှယ်ပေးခြင်း၊ အသက်အရွယ်လိုက် သတ်မှတ်မှတ်ပုံတင်ပြောင်းလဲပြုလုပ်ပေးခြင်း၊ UID ရိုက်ကူးပေးခြင်းနှင့် E - ID Server ရှိအိမ်ထောင်စုလူဦးရေစာရင်းပါ အချက်အလက်များစီစစ်ပေးခြင်းနှင့်ပြင်ဆင်ပေးခြင်းတို့ကို ဧပြီ(၂၀) ရက်နေ့မှစတင်၍ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။