ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့တွင် ပြည်သူများ ပျော်ရွှင်စွာရေကစားနေမှုများကိုကြည့်ရှုအားပေး

ပုသိမ် ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ သင်္ကြန်အကျနေ့တွင် ကမ်းနားလမ်း တစ်လျှောက်ရှိ ဗဟိုမဏ္ဍပ်၊ လမ်းလျှောက်သင်္ကြန်အပါအဝင် ဌာနဆိုင်ရာ များနှင့် ရပ်ကွက်များမှ မဏ္ဍပ်များ၌ ရေပက်ခံထွက်သူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ပုသိမ်မြို့ပေါ်ရှိရေကစားမဏ္ဍပ်များသို့ သွားရောက်၍ ပြည်သူများ ပျော်ရွှင်စွာ လာရောက်ရေကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချူပ်နှင့်တာဝန်ရှိသူများသည် ပုသိမ်မြို့၊ ကန်သုံးဆင့်ပန်းခြံ လူပျိုတို့ရွာ ရေကစားမဏ္ဍပ်သို့ သွားရောက်၍ ယိမ်းအဖွဲ့ များ၏ သီဆိုကပြဖျော်ဖြေမှုများနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ယိမ်းအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကာ ပြည်သူများကိုချစ်ကြည်ရင်းနှီးစွာဖြင့် အတာရည်များပက်ဖျန်းပေးခဲ့သည်။ ၁၃၈၇ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်အပါအဝင် ဌာနဆိုင်ရာ မဏ္ဍပ်များ၊ ရပ်ကွက်မဏ္ဍပ်များအပြင် သနပ်ခါးမဏ္ဍပ်၊ ဟာလဝါမဏ္ဍပ်၊ ထမနဲမဏ္ဍပ်၊ လက်ဖက်မဏ္ဍပ်တို့ကို ထည့်သွင်းကျင်းပလျက်ရှိပါသည်။ ထို့အပြင် ဖျော်ဖြေရေးယိမ်းအဖွဲ့၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့၊ နိုင်ငံ‌ကျော်တေးသံရှင်များက ယိမ်းအကများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပလျက်ရှိရာ လာရောက်ရေကစားသည့် ပြည်သူများအား သင်္ကြန်ကာလ အတွင်း စတုဒီသာများဖြင့်နေ့စဉ် ကျွေးမွေးဧည့်ခံလျက်ရှိကြောင်းသိရသည်။

14-Apr-2026