ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံစစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဧပြီ ၁၁

၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ စစ်တုရင် ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ဧည့်သည်တော်များသည် ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် မြောင်းမြခရိုင်အသင်းနှင့် ပုသိမ်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင် ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် ၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံအသက်(၁၈) နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံစစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ အမျိုးသမီးအသက်(၁၈)နှစ်အောက် စစ်တုရင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူ များအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးကလည်းကောင်း၊ အမျိုးသား အသက်(၁၈)နှစ် အောက် စစ်တုရင်ပြိုင်ပွဲနှင့် အမျိုးသား အလွတ်တန်း စစ်တုရင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို တစ်ဦးချင်းဆုနှင့် ငွေသားဆုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးကလည်းကောင်း၊ အမျိုးသား တစ်ဦးချင်း ကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသမီး နှစ်ယောက်တွဲ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် အမျိုးသားနှစ်ယောက်တွဲ ကြက်တောင် ရိုက်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယနှင့် တတိယဆ ရရှိသူများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ ကြက်တောင်ရိုက်ပြိုင်ပွဲတွင် အမျိုးသမီးအကောင်းဆုံး ကစားသမားဆု၊ အမျိုးသားအကောင်းဆုံး ကစားသမား ဆု ရရှိသည့် အားကစားသမားများနှင့် အမျိုးသားအသင်းလိုက် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရရှိသည့် အသင်း များကို တစ်ဦးချင်းဆုနှင့် ငွေသားဆုကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရှေ့တန်း၊ အလယ်တန်းနှင့် နောက်တန်း အကောင်းဆုံးကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆု၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆုကို စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေး ဝန်ကြီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် မြောင်းမြခရိုင်ဘောလုံးအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ပထမဆု ရရှိသည့် ပုသိမ်ခရိုင်ဘောလုံးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌကလည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်း ကြက်တောင်ရိုက် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ၊ အမျိုးသမီးအသင်းလိုက် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယဆုရရှိသည့် အသင်းများကို တစ်ဦးချင်းဆုနှင့် ငွေသားဆုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြသည်။

ထို့နောက် စစ်တုရင်ပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားရရှိသည့် ပုသိမ်မြို့နယ်အသင်း၊ အမျိုးသားအသင်းလိုက် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မြောင်းမြခရိုင်အသင်း၊ အမျိုးသမီးအသင်းလိုက် ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်း၊ အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပုသိမ်ခရိုင်အသင်း တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က တံခွန်စိုက်ဆုဖလားများ ဆက်လက်ချီးမြှင့်ခဲ့ပြီး ဆုရရှိသည့် အသင်းများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။

11-Apr-2026