တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်ခရိုင်အတွင်း ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်

ပုသိမ် မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၊ ကြိုးကြာကွင်းကျေးရွာအခြေခံပညာမူလတန်းကျောင်း ၉၀ပေ×၃၀ပေ RC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖျော်ဖြေရေးအဖွဲ့များကို ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျောင်းဆောင်သစ်တာဝန်ယူ ဆောက်လုပ်သည့် ကုမ္ပဏီမှ ကျောင်းဆောင်သစ်အား လွဲပြောင်းပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျောင်းကုန်းမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(၁၁၀ပေ×၃၀ပေ)RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ကျောင်းဆောင်သစ် တာဝန်ယူဆောက်လုပ်သည့်ကုမ္ပဏီမှ ကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ခဲ့ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ အသုတ်မြို့အခြေခံပညာ အထက်တန်းကျောင်း ၁၄၀ပေ×၃၀ပေ RCC သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖျော်ဖြေရေးအဖွဲ့များကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျောင်းဆောင်သစ်တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှ ကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ သပြေကွင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း (၁၀၀ပေ×၃၀ပေ)RCC တစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖျော်ဖြေရေး အဖွဲ့များကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျောင်းဆောင်သစ်တာဝန်ယူ ဆောက်လုပ်သည့် ကုမ္ပဏီမှ ကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ခဲ့ပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့အခြေခံပညာအထက်တန်းကျောင်း (မြို့မ)၁၄၀ပေ×၃၀ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဖျော်ဖြေရေးအဖွဲ့များကို ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျောင်းဆောင်သစ်တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှ ကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး ခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

19-Mar-2026