ဧရာ၀တီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၆)တက်ရောက်

ပုသိမ် မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၆)ကို ယနေ့ ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်း အဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ စီးပွားရေးရာဝန်ကြီး၊ တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိစ္စနှင့် ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်ဆုံးဖြတ်ပေးရမည့်ကိစ္စများ၊ ဗဟို မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီသို့ ဆက်လက်တင်ပြ ဆောင်ရွက်ရမည့်ကိစ္စရပ် များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းကိစ္စများနှင့်ပတ်သက်၍ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံခန့်ခွဲရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကော်မတီဝင်များကလည်း သုံးသပ်တင်ပြရန်နှင့် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း”အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိရန် လျောက်ထားခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပေးခဲ့သည်။

12-Mar-2026