ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြမြို့၊ အမှတ် (၈)ရပ်ကွက် ဗိုလ်ဗထူးလမ်းကွန်ကရစ်လမ်းသစ်နှင့် ပလက်ဖောင်းဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် မတ်လ ၇

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ် (၈)ရပ်ကွက် ဗိုလ်ဗထူးလမ်းကွန်ကရစ်လမ်းသစ်နှင့် ပလက်ဖောင်းဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ဦးစွာ မြောင်းမြမြို့၊ အမှတ်(၈)ရပ်ကွက် ဗိုလ်ဗထူးလမ်းကွန်ကရစ်လမ်းသစ်နှင့်ပလက်ဖောင်းဖွင့်ပွဲအား တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများက တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်များပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ကွန်ကရစ်လမ်းသစ်နှင့် ပလက်ဖောင်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် မြောင်းမြမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (ရန်ပုံငွေ) ဖြင့်ဆောင်ရွက်သောလမ်းဖြစ်ပြီး လမ်းအရှည် (၁၀၃၀) ပေ၊ အကျယ် (၁၈)ပေ၊ ထု(၆)လက်မနှင့် ပလက်ဖောင်းအရှည် (၆၅၅)ပေ၊ အကျယ်(၄)ပေနှင့် ထု(၁)ပေ (၆) လက်မနှစ်ဘက်ရှိကြောင်းသိရသည်။

07-Mar-2026