ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်ကျေးရွာ (၁၄၀ပေ×၃၀ပေ) RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် မတ် ၅

(၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ လှည်းဆိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝန်း အတွင်း၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော (၁၄၀ပေ×၃၀ပေ) RCCနှစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ်ရှေ့တွင် ကျင်းပခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ရိုက်ကူး၍ ကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ကျောင်းဆောင်သစ်အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လှည်းဆိပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း Grade-12သင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များအတွက် ချီးမြှင့်ငွေများနှင့် ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကျွန်းဒေါင့်ကျေးရွာ တောင်သူဦးမြင့်စိုး၏ စိုက်ဧက(၂.၅၀)ဧကတွင် စိုက်ပျိုးထားသည့် ဆင်းပဒေသာ(၁၂) ဆောင်းမြေပဲ စံကွက်ရတ်သိမ်းပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့ရာ တာဝန်ရှိသူများက စိုက်ပျိုးနေမှုအခြေအနေများ၊ ဖြစ်ထွန်းအောင်မြင်မှု၊ အထွက်နှုန်းရရှိမှု၊ ရောင်းဝယ်မှု အခြေအနေ များ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အထွက်နှုန်းများ တိုးတက်ကောင်းမွန် သဖြင့် ပိုမိုတိုးချဲ့စိုက်ပျိုးကြရန်၊ မျိုးကောင်းမျိုးသန့်များ ထုတ်လုပ်စိုက်ပျိုးနိုင်ရေး ဆောင်ရွက် ကြရန်၊ စားသုံးဆီဖူလုံစေရေးအတွက် တက်ညီလက်ညီကြိုးစားဆောင်ရွက်ကြရန်မှာကြားခဲ့သည်။ အဆိုပါ တောင်သူ၏ စိုက်ဧကတွင် ဆောင်းမြေပဲစံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် ပျမ်းမျှ မြေပဲအခြောက် (၁၇၀)တင်းထွက်ရှိပြီး နှောကုန်းကျေးရွာအုပ်စုအတွင်း၌ မြေပဲ (၈၆၂) ဧက၊ ပဲတီစိမ်း (၃၄၄)ဧက၊ မတ်ပဲ (၆၀၂)ဧက၊ ဘိုကိတ်ပဲ (၄၆၇)ဧက၊ စားတော်ပဲ(၁၁၁)ဧက၊ ဖရဲ(၃၈)ဧက စိုက်ပျိုးထားကြောင်းသိရသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် နှောကုန်းကျေးရွာ ဖူးရတနာ မြေပဲခွဲစက် နှင့် မြေပဲဆီသန့်ကြိတ်စက်သို့ သွားရောက်ခဲ့ပြီး မြေပဲအခွံချွတ်စက်၊ မြေပဲသန့်စင်စက်၊ မြေပဲကြိတ်စက်တို့ဖြင့် မြေပဲဆီကြိတ်ခွဲနေမှုများအားကြည့်ရှုအားပေးခဲ့ပြီး မြေပဲဝယ်ယူရရှိမှု၊ ကြိတ်ခွဲမှု၊ မြေပဲဆီထွက်နှုန်းနှင့် ရောင်းချရမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ အရည်အသွေး ကောင်းမွန်သည့် မြေပဲဆီများကြိတ်ခွဲထုတ်လုပ်နိုင်ရေးနှင့် လိုအပ်သည်များမှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ နှောကုန်းကျေးရွာ အုပ်စု၊ ကျွန်းတောက်ကျေးရွာ၊ နှောကုန်းကျေးရွာနှင့် ကြိမ်ချောင်းကျေးရွာ လျှပ်စစ်မီးစစ်မီး ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ လျှပ်စစ်မီးဖွင့်ပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် သည် ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ်ဖွင့်လှစ်ပေးကာ အမွှေးနံ့သာများပက်ဖြန်းပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်၍ လျှပ်စစ်မီးသုံးစွဲမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြက်တိုကျေးရွာအုပ်စု၊ မဲဇလီကုန်းကျေးရွာ ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကုန်ထုတ်လမ်းအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ စုပေါင်းမှတ်တမ်းတင် ဧာတ်ပုံရိုက်ကူး၍ ကုန်ထုတ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ မဲဇလီကုန်း ကုန်ထုတ်လမ်းသည် အရှည် ၇ ဖာလုံ၊ ထိပ်ဝအကျယ် ၁၅ ပေ ရှိ မြေသားလမ်းနှင့် ၎င်းလမ်းပေါ်တွင် ၁၂ ပေ အကျယ် ၉ လက်မထု မြေရောကျောက်ခင်းလမ်း ဖြစ်ပြီး (၂၀၂၅-၂၆)ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

05-Mar-2026