ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ ကိုးသိန်းကွင်းဖူဆယ် အားကစားရုံ (၁၅၀ပေ × ၁၂၂ပေ) ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် မတ် ၃

ဧရာဝတီတိုင်းဒေသကြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို ကိုးသိန်းကွင်းဖူဆယ်အားကစားရုံ (၁၅၀ပေ × ၁၂၂ပေ) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဖူဆယ်အားကစားရုံအား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အားကစားရုံဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဆက်လက်ဖွင့်လှစ်ပေးကာ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးသည်။ ဆက်လက်၍ ဖူဆယ်အားကစားရုံ သစ်အားတာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးကအားကစားရုံသစ်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကာ ရတနာရွှေမိုးငွေမိုးရာသွန်းဖြိုးခဲ့သည်။

ဆက်လက်၍ ၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ် အလွတ်တန်းအမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ယနေ့တွင် (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ ကိုးသိန်းကွင်းဖူဆယ်အားကစားရုံ (၁၅၀ပေ×၁၂၂ပေ) ဖွင့်လှစ်နိုင်ခဲ့သည့်အပြင် ၂၀၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးရအဖွဲ့ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်အလွတ်တန်း အမျိုးသား ဖူဆယ်ပြိုင်ပွဲကိုပါ ကျင်းပနိုင်ခဲ့သည့်တွက် မင်္ဂလာရှိသည့်နေ့ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပသည့် ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့နယ်အသီးသီးမှ အားကစားသမား အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရေး ၊ တိုင်းဒေသကြီး ဖူဆယ်အသင်း အောင်မြင်မှုရရှိစေရေး အထောက်အကူပြုနိုင်စေရေး အစရှိသည့် ရည်ရွယ်ချက်များအပြင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ထူးချွန်ထက်မြက်သည့် ဖူဆယ်အားကစားသမားများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီး ကျင်းပသည့် ပြိုင်ပွဲဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမား များသည် အားကစားသမားကောင်းပီသစွာ ယှဉ်ပြိုင်ကစားကြရန်လိုပါကြောင်း၊ အားကစား ဆိုသည်မှာ ယှဉ်ပြိုင်မှု ပြင်းထန်လာသည့်အခါ ကစားသမားများအနေဖြင့် သတ်မှတ်ထားသည့် ဥပဒေများကို လိုက်နာရမည်ဖြစ်ပြီး စည်းကမ်းသေဝပ်မှု၊ တရားသောယှဉ်ပြိုင် အနိုင်ရရှိမှုကို ကျင့်သုံးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲကို ကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများ အနေဖြင့်လည်း ဘက်လိုက်မှုကင်းစွာဖြင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ၊ ပြိုင်ပွဲဥပဒေများ အတိုင်း တိတိကျကျဆုံးဖြတ် ကြီးကြပ်ပေးကြရန်လိုပါကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ အသင်းသည် တိုင်းဒေသကြီးမှသည် နိုင်ငံ့ ဂုဏ်ကိုဆောင်နိုင်သည့် အားကစားသမားများ ဖြစ်အောင် ကြိုးစား ကြရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း” တိုက်တွန်းပြောကြားပြီး ၂ဝ၂၆ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေးသည်။

ထို့နောက် စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက် ခဲ့ကြကာ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့အား ချီးမြှင့်ငွေများပေးအပ်ကာ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစား သည့် Royal Starအသင်းနှင့် New Starအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကိုကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။ အဆိုပါပြိုင်ပွဲကို ယနေ့မှ မတ်လ(၁၁)ရက်နေ့အထိ ကျင်းပ သွားမည် ဖြစ်ကာ ပြိုင်ပွဲဝင်အသင်း(၁၆)သင်းက ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

03-Mar-2026