ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် Junction Square Pathein ပန္နက်တင် မင်္ဂလာ အခမ်းအနားနှင့် အဋ္ဌမအကြိမ် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်သည် (၂၂.၁၁.၂၀၁၈)ရက်နေ့တွင် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့နှင့်အတူ ပုသိမ်မြို့၊ မြကျွန်းသာ အိမ်ရာဝန်းအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် Junction Square Pathein ပန္နက်တင် မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
ပုသိမ်မြို့သည် မြန်မာနိုင်ငံ၏ စတုတ္ထမြို့ဖြစ်သည့် အားလျှော်စွာ မြို့အဂါၤရပ်များနှင့် ပြည့်စုံမှုရှိစေရေး၊ ဒေသခံပြည်သူများ၏ လူနေမှု အဆင့်အတန်း တိုးတက်မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ Delta Industrial Group Co.,Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်ပြီး Shwe Taung Property Management Co.,Ltd မှ Shopping Center Management ပြုလုပ်မည့် Junction Square Pathein ပန္နက်တင် မင်္ဂလာ အခမ်းအနားတွင် ဝန်ကြီးချုပ်မှ ဦးဆောင်ဖွင့်လှစ်၍ ပန္နက်တိုင်များစိုက်ထူပေးခဲ့ပါသည်။
ထို့နောက် မြကျွန်းသာ အိမ်ရာစီမံကိန်းဝန်းအတွင်းရှိ ပတ္တမြားခန်းမတွင် Delta Industrial Group Co.,Ltd ၏ Project Director ဦးအောင်သူရမှ Junction Square Pathein ဆောက်လုပ်ရခြင်းအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် Delta Industrial Group Co.,Ltd ၏ Managing Director ဦးဇော်လင်းလတ်မှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အလှူငွေကျပ်သိန်း (၅၀)လှူဒါန်းခဲ့ရာ ဝန်ကြီးချုပ်မှ လက်ခံခဲ့ပါသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် (၀၉၃၀)နာရီအချိန်တွင် ပုသိမ်မြို့၊ သာသနာ့ဗိမ္ဗာန်တော်ကြီးတွင် ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များမှ စုပေါင်းကျင်းပသည့် အဋ္ဌမအကြိမ် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ကြွရောက်လာသော ဆရာတော် သံဃာတော်များမှ ဦးဆောင်၍ နမောတဿ သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော် သြဝါဒစရိယ ညောင်ပင်သာ ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ သံဃာတော်များ ချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ပါသည်။ ထို့နောက် ကြွရောက်လာသော ဆရာတော်များအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပါသည်။ ထို့နောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပြီး သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။
အဆိုပါ အဋ္ဌမအကြိမ် စုပေါင်းမဟာဘုံကထိန် အခမ်းအနားတွင် ပဒေသာပင် စုစုပေါင်း (၇၈)ခုရှိပြီး ပစ္စည်းတန်ဖိုး (၁၀၉၉၃၃၅၀ိ/-)ကျပ်၊ ငွေသားတန်ဖိုး (၁၆၀၇၆၅၀၀ိ/-)ကျပ်၊ စုစုပေါင်း ပစ္စည်းနှင့်ငွေသားတန်ဖိုး (၂၇၀၆၉၈၅၀ိ/-)ကိပ် ဖြစ်ပါသည်။