ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ပုသိမ် ဖေဖော်ဝါရီ ၂၆
တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ရာ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ၏ ၂၃.၂.၂၀၂၆ ရက်စွဲပါ ကြေညာချက်အမှတ်၊ (၂/၂၀၂၆) အရ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀.၃.၂၀၂၆ (သောကြာနေ့)၌ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် (၁၄.၃.၂၀၂၆) ရက်နေ့ထက်မစော၊ (၁၅.၃.၂၀၂၆)ရက်နေ့ထက် နောက်မကျ ဘဲ တိုင်းဒေသကြီးလွှတ်တော်ရုံးသို့သတင်းပေးပို့ရန် ဖိတ်ကြားထားပြီးဖြစ်ပါကြောင်း၊ အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ၁၂.၁.၂၀၂၆ ရက်စွဲပါ ညွှန်ကြားချက်အရ တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီ (၇)ခုကို ၁၁.၂.၂၀၂၆ ရက်နေ့တွင် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး ဦးစီးကော်မတီကို အဖွဲ့ဝင် (၁၃)ဦးဖြင့် ပါဝင်ဖွဲ့စည်းထားပါကြောင်း၊ ဦးစီးကော်မတီ အဖွဲ့ဝင်များအနေဖြင့် တတိယ အကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး ဖိတ်ကြားရေး၊ ကိုယ်စား လှယ်များ လမ်းခရီးလုံခြုံရေး၊ တည်းခိုနေထိုင်ရေး၊ လုံခြုံရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်သကဲ့သို့ အစည်းအဝေးကျင်းပစဉ်ကာလအတွင်း ပြန်ကြားရေး၊ သတင်းထုတ်ပြန်ရေး အစစအရာရာ အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းကော်မတီများအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ ကော်မတီများကလည်း လိုအပ်သည်များကို အချိန်မီ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လွှတ်တော်ရုံးပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ လျှပ်စစ်မီးဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဆက်သွယ်မှုစနစ်ကောင်းမွန်ရေးနှင့် လုံခြုံရေးကိစ္စရပ် များကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ တတိယအကြိမ်ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်း အဝေး အောင်မြင်စွာကျင်းပနိုင်ရေး ဦးစီးကော်မတီအတွင်းရေးမှူး၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်က တတိယအကြိမ်လွှတ်တော် ပထမပုံမှန်အစည်း အဝေးအတွက် အဆောက်အဦများပြင်ဆင်ခြင်း၊ လွှတ်တော်အစည်းအဝေးခန်းမ၊ ရေးရာကော်မတီခန်းများ၊ Call Room၊ Banquet Hall၊ Waiting Room၊ အစည်းအဝေးခန်းငယ်၊ ကိုယ်စားလှယ်နားနေခန်း၊ ကိုယ်စားလှယ်တည်းခိုဆောင်အခန်းများကြိုတင်ပြင်ဆင်မှုလုပ်ငန်း များအား ရှင်းလင်းတင်ပြမှုများနှင့် သက်ဆိုင်ရာလုပ်ငန်းများအလိုက် ဦးစီးကော်မတီဝင်များ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။